Ads

Tuesday, April 18, 2017

Ooredoo sim promotion



အူရီဒူးဆင်းကတ်ကို ငွေဖြည့်လိုက်ရုံနဲ့ အခမဲ့အစီအစဉ်တွေကို ဒီသင်္ကြန်ပိတ်ရက်မှာ ပျော်ပျော်ကြီးသုံးနိုင်ဖို့ *5050# မှာစာရင်းသွင်းထားလိုက်ပါ။ တစ်ခါစာရင်းသွင်းထားရုံနဲ့ ဖုန်းငွေဖြည့်ပြီးတိုင်း Facebook, Viber နဲ့ Beetalk သုံးဖို့ 500 MB၊ အူရီဒူးအချင်းချင်းဖုန်းပြောဖို့ ၅၀ မိနစ်တို့ကို နေ့တိုင်းသုံးနိုင်မှာဖြစ်ပါတယ်။
ဖုန်းငွေ ၁,၀၀၀ ကျပ်မှ ၂,၉၉၉ ကျပ် အထိဖြည့်သွင်းတာနဲ့ - (၃) ရက် အခမဲ့
ဖုန်းငွေ ၃,၀၀၀ ကျပ်မှ ၉,၉၉၉ ကျပ် အထိဖြည့်သွင်းတာနဲ့ - (၅) ရက် အခမဲ့
ဖုန်းငွေ ၁၀,၀၀၀ ကျပ်နှင့်အထက် ဖြည့်သွင်းတာနဲ့ - (၁၅) ရက် အခမဲ့ ရရှိမှာဖြစ်ပါတယ်။


Telenor sim လိုင်းပိတ်​လည်းမှတ်​ပုံတင်​နည်း

သင့်ဆင်းကတ်ယာယီရပ်ဆဲခံရလည်း စိတ်မပူပါနဲ့။ အောက်ပါ ချန်နယ်တွေကနေပြီး မှတ်ပုံတင်လို့ရပါတယ်။ ၀က်ဆိုက် http://ecaf.telenor.com.mm နဲ့ MyTelenor app http://bit.ly/mytelenorv24  တွေကနေ မှတ်ပုံတင်မယ်ဆိုရင် ဒေတာအတွက် ကုန်ကျမှုမရှိဘဲ မှတ်ပုံတင်နိုင်ပါတယ်။ မှတ်ပုံတင်ရန် လိုအပ်တဲ့ အထောက်အထားများ ပြည့်စုံစွာပေးပို့လိုက်ရင်အချိန် တစ်နာရီအတွင်းပုံမှန် ၀န်ဆောင်မှုများကို ပြန်လည် ရရှိမှာဖြစ်ပါတယ်။


Monday, April 17, 2017

MEC sim ကို online မှ မှတ်​ပုံတင်​ရန်

မန်မာနိုင်ငံမှာ လောလောဆယ် အော်ပရေတာ ၄ ခု ရှိတဲ့အနက် Ooredoo, MPT, Telenor စသည့် ၃ ခုကတော့ အွန်လိုင်းမှ မှတ်ပုံတင်ပြုလုပ်လို့ရတဲ့ Webpage တွေ ပြုလုပ်ပေးပြီး ဖြစ်ပါတယ်။ ခုနောက်ဆုံးတစ်ခုဖြစ်တဲ့ MEC ကလည်းပဲ Webpage ပြုလုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ပြုလုပ်ပုံ ပြုလုပ်နည်းကို တင်မပေးနိုင်သေးပါဘူး။ အကြောင်းကတော့ ကျွန်တော်စမ်းဖို့ MEC SIM Card မရှိလို့ပါ။ သဘောတရားကတော့ Ooredoo နဲ့ MPT တို့ရဲ့ မှတ်ပုံတင်နည်းနဲ့ တူပါလိမ့်မယ်။ မှတ်ပုံတင်လို့ရတဲ့ Link ကို မျှဝေပေးလိုက်ပါတယ်။ မှတ်ပုံတင်ရန် LINK
http://reg.mectel.com.mm/



အဆင်​​ပြေကြပါ​စေဗျာ


Ooredoo sim promotion

အူရီဒူးဆင်းကတ်ကို ငွေဖြည့်လိုက်ရုံနဲ့ အခမဲ့အစီအစဉ်တွေကို ဒီသင်္ကြန်ပိတ်ရက်မှာ ပျော်ပျော်ကြီးသုံးနိုင်ဖို့ *5050# မှာစာရင်းသွင်းထားလိုက်ပါ။ တစ...